Misguided Never Back Home ( Demo )
Misguided Never Back Home ( Demo )
==============================
• ညဘက်ကြီးတင်ရတာကိုတော့ အားနာပေမယ့် ဒီ Game လေးကို Coming Soon အနေနဲ့ တင်ခဲ့တုန်းက မှတ်မိကြသေးလားမသိဘူး။ အများစုမျှော်လင့်ထားတဲ့ Horror Game လေးက အခုဆိုရင် Demo version ထွက်လာပါပြီနော်။ ပြောခြင်တာက Game က Demo ကိုမှ Lowest Device တွေထိ Support နိင်အောင် စမ်းသပ်တာပါ။ Final Version မဟုတ်သေးပါဘူး။
• ကျွန်တော့်အထင်တော့ ဒီ Game က Dread Out ပုံစံမျိုးဘဲ။ အထူးသဖြင့် Indonesia Type ဖြစ်တာကြောင့် အနောက်နိုင်ငံက Game တွေထက်တော့ ပိုသဘာဝကျပြီး ပိုကြမ်းတယ်။ ပြောခြင်တာက သရဲတွေဘာတွေဆိုရင် Asia ကမှ တကယ် ယုတ္တိရှိတာသိကြမှာပါ။ အဲလိုဘဲ ဒီ Game မှာဆိုရင်လည်း Asia ကျောင်းသူလေး တစ်ယောက်နေရာကနေ ဆော့ရမှာဖြစ်ပြီး သူငယ်ချင်းဖြစ်သူကို လိုက်ကယ်ပေးရမှာပါ။ ဘယ်လိုဖြစ်တယ်ဆိုတာတော့ Official ကြမှ ပိုသိရမယ်ထင်တယ်။
• Third Person View ကနေဆိုတော့ အတော်များများသဘောကျမယ်လို့ မြင်မိတယ်။ Game က Demo ဆိုတော့ ဘာမှတော့ သိပ်မပါပေမယ့် မဆိုးဘူးလို့ပြောလို့ရတယ်။ ပြီးတော့ သာမန် Developer ကနေ အားထုတ်ထားတာကြောင့် တအားကြီး မျှော်မှန်းထားလို့မရဘူး။ အဓိကက Story ပါလာမယ် ပြီးရင် Graphic က Final Version မှာ ဒီထက် ပို ကောင်းလာနိုင်တယ်။ ဘာလို့ဆိုတော့ အခု Version က ဖုန်းအနိမ့်ဆုံးထိဖြစ်တဲ့ Snapdragon 425 /Helio P22 ထိ စမ်းလို့ရတယ်လို့ပြောထားပြီး Ram အနေနဲ့လည်း 2 GB ထိဘဲ Requirement ပြောထားတာပါ။
• အရင်က Leak လာတဲ့ ပုံတွေအရ Game က Texture ဒီထက် မြင့်နိုင်တယ်။ အထူးသဖြင့် အခု Demo version မှာဆိုရင် Character က Polish မဖြစ်သေးဘူး။ Bug သိပ်မတွေ့ရသလောက်ရှိပြီး Control ပိုင်းကတော့ Fix ဖို့လိုနေသေးတယ်။ ဒါပေမယ့် Demo မလို့ အများစုက နားလည်ကြသလို Rating အရလည်း Playstore မှာ အတော်ကိုသဘောကျကြတာ။ အဲတော့ Official ကို မျှော်ရင်း Demo လေးမှာ ရင်ခုန်ကြည့်လို့ရတာပေါ့။ Game က Environment သာ အရမ်း Dark ဖြစ်သွားရင် လုံးဝ ရှယ်ဘဲ။ ပြောလို့သာပြောသာ Game က အိမ်ကြီးထဲမှာ တစ်ယောက်တည်း..
© 2021 - Fire Graft Entertainments - Zayar Lin
Comments
Post a Comment