မြောက်ရိုးက ဇောက်ထိုး
မြောက်ရိုးက ဇောက်ထိုး(စ/ဆုံး)
ပုဗ္ဗာရုံကျောင်းက ကျုပ်ဆရာတော် ဦးဂုဏ
ခေါ်လို့ဗျ။ ဆရာတော့်ကျောင်းကိုသွား ဆရာ
တော် ခိုင်းတာ လုပ်ကိုင်ပေးပြီးတော့ ကျုပ်
ပြန်လာတာ။
"ကိုကြီးတာတေ၊ ကိုကြီးတာတေ"
ကျုပ်ကိုခေါ်တာ ဘယ်သူတုံးဗျ။ ကျုပ်နောက်
ကို ဆတ်ကနဲ လှည့်ကြည့်လိုက်တယ်။
"ဟာ ဟေ့ကောင် ကျောက်ခဲ၊ မောကြီးပမ်း
ကြီးနဲ့ ဘာဖြစ်လာတာတုံး"
ကျောက်ခဲဆိုတဲ့ကောင် ကျုပ်နောက်ကို အ
မောတကော ပြေးလိုက်လာတာဗျို့။
"ကျုပ် ကိုကြီးတာတေတို့အိမ် ရောက်ပြီးပြီဗျ၊
အရီးက ပြောလိုက်လို့ ဘုန်းကြီးကျောင်းကို
လိုက်လာတာ၊ ဆရာတော်နဲ့ တွေ့တော့ တာ
တေ ခုလေးတင် ပြန်သွားပြီဆိုလို့ နောက်က
ပြေးလိုက်လာတာဗျ"
"ဟေ …ဟုတ်လား၊ ဘာများဖြစ်လို့တုံးကွ"
ကျုပ်နဲ့ ကျောက်ခဲက လမ်းလျှောက်ရင်း
စကားပြောကြတယ်။
"ဒီလိုဗျ ကိုကြီးတာတေရ၊ ကျောက်တလား
ချောင်းမှာ အခေါင်းပေါ်လို့တဲ့"
"ဟေ ဟုတ်လား "
"ဟုတ်တယ်ဗျ ကိုကြီးတာတေရ"
"နို့ …မင်းကို ဘယ်သူပြောတုံး"
"ဘိုးရှိန်းမောင် ပြောတာဗျ။သူကိုယ်တိုင် တွေ့
ခဲ့တာတဲ့ဗျ။ ဘိုးရှိန်မောင်က ရုံးတောကို သွား
တာတဲ့၊ ရုံးတောက လူတွေပြောနေတာကြား
လို့ ဟုတ်ရဲ့လားဆိုပြီး သွားကြည့်တာတဲ့ဗျာ၊
ကျောက်တလားချောင်းမှာ ရေက ခြေသလုံး
မြှုပ်ရုံပဲ ရှိတာတဲ့၊ အဲဒီရေထဲမှာ အခေါင်းကြီး
ပေါ်လို့တဲ့ဗျ၊ ဘိုးရှိန်းမောင်က ရေထဲ သေသေ
ချာချာ ဆင်းပြီး အနားကပ်ကြည့်ခဲ့တာတဲ့ဗျာ၊
ခေါင်းက ကျောက်ခေါင်းကြီးဆိုပဲ၊ ဒါပေမဲ့ ဘိုး
ရှိန်းမောင် ပြောတာကတော့ အင်ကြင်းသား
က ကျောက်ဖြစ်သွားလို့ ကျောက်ခေါင်းကြီး
ဖြစ်သွားတာတဲ့၊ ခေါင်းဖုံးကတော့ မပွင့်ဘူး
တဲ့ဗျ၊ ပိတ်လျက်သားပဲတဲ့"
"ဟုတ်ပါကော ကိုကြီးတာတေရာ"
"အဲဒီကျောက်တလားကြီးက တစ်ခါ တစ်ခါ
ပေါ်လာတတ်တယ်လို့ လူတွေပြောကြတာပဲ
ကွ၊ အဲဒီကျောက်တလားကြီးကို အစွဲပြုပြီး ဒီ
ချောင်းကိုလည်း ကျောက်တလားချောင်းလို့
ခေါ်ကြတာလေကွာ"
"ဟုတ်တယ်လေဗျာ"
"အေး …ဒါပေမဲ့ ငါ့တစ်သက်မှာတော့ အဲဒီ
ကျောက်တလားကြီးပေါ်တာ တစ်ခါမှ မကြား
ဖူးသေးဘူးကွ၊ အရင်တုန်းက ပြောတာတွေ
ကို ငါက ပုံပြင်တွေလို့ပဲ ထင်တာ၊ အခုတော့
တကယ်ပေါ့"
"ဟုတ်တယ်ဗျ၊ ကျောက်တလားချောင်းထဲမှာ
ကျောက်တလားကြီး တကယ်ပေါ်နေတာတဲ့ဗျ"
"နောက်သတင်းတစ်ခုက ရှိသေးတယ်ဗျ"
"ဟေ ဘာသတင်းတုံး ကျောက်ခဲရ၊ မင်းက
လည်း ရွာရိုးကိုးပေါက် နှံ့နေတဲ့ကောင်ဆို
တော့ သတင်းကလည်း စုံပေါ့ကွာ"
"ညက ဘန့်ဘွေးကုန်းနဲ့ ကျုပ်တို့ ထနောင်း
ကုန်းကို တစ္ဆေကြီးတစ်ကောင်က မြင်းနဲ့ပတ်
ပြီး စီးနေတယ်တဲ့ဗျ။ မြင်းစီးတာမှ ဒုန်းစိုင်းစီး
တာဆိုပဲ၊မြင်းခွါသံတွေကြားလို့ တချို့လူတွေ
တောင် အိပ်ရာက ထပြီး ရွာစည်းရိုးကနေ အ
ပြင်ကို ချောင်းကြည့်ကြတယ်ဆိုပဲ။ ဘာမှ
တော့မမြင်ဘူးတဲ့ဗျ၊ ဒါပေမဲ့ မြင်းဟီသံကြီးက
အကျယ်ကြီးတဲ့ဗျ"
"ဟာ တစ္ဆေကြီးက မြင်းစီးတယ် ဟုတ်လား
ကျောက်ခဲ"
"ဟုတ်တယ်ဗျ"
"ကြံကြံဖန်ဖန်ကွာ၊ တို့ရွာသားတွေကတော့
ပြောလိုက်ရင် အထူးအဆန်းချည်းပဲဟေ့"
"ဟာ ဟုတ်တယ်ဗျ ကိုကြီးတာတေရ၊ ရွာထဲ
မှာ လူကြီးတွေ ပြောနေကြတာ၊ ဘန့်ဘွေး
ကုန်းက ကျုပ်သူငယ်ချင်းတွေလည်း ကျုပ်
ဒို့ အိမ်လာလို့ ပြောသွားတယ်။ ဘန့်ဘွေး
ကုန်းမှာလည်း လူကြီးတွေ ဒီအကြောင်းပဲ
ပြောနေကြတာဆိုပဲဗျ"
"မီးလောင်ကုန်းက သူကြီးသားတွေမှာ မြင်း
တွေရှိတယ်ကွ၊ တစ်ခါတလေ ဒီလူတွေ အ
ချိန်မရှိ သွားတတ် လာတတ်တယ်။ အဲဒါ ရွာ
နားက ဖြတ်သွားတာ ဖြစ်ချင်ဖြစ်မှာပေါ့ကွ"
"ဟာ မဟုတ်ဘူး ကိုကြီးတာတေ၊ ဘန့်ဘွေး
ကုန်းနဲ့ ထနောင်းကုန်းကိုပတ်ပြီး စီးနေတာ
တဲ့၊ မနက်လင်းကာနီးမှ အသံပျောက်သွား
တာဆိုပဲဗျ၊ ပြီးတော့ ကျုပ်တို့ထနောင်းကုန်း
က ကိုလူကျော်တို့အိမ်က ခွေးကြီး မချိမဆန့်
အော်ပြီး သေသွားတယ်တဲ့"
"ဟေ လူကျော်တို့အိမ်က ခွေးကြီးက ဘာ
ဖြစ်လို့ သေတာတဲ့တုံး"
"ညက ကိုလူကျော့်ညီတွေ နှမ်းတောင်စောင့်
တော့ သူတို့ခွေးကြီးက ယာထဲ လိုက်သွား
တာတဲ့ဗျို့။ အဲဒါ ကိုလူကျော့်ညီနှစ်ယောက်
အိပ်နေတုန်း ခွေးက ရွာဘက်ကို ပြန်ပြီးလာ
တယ်နဲ့တူတယ်၊ ခေါင်းမှာ မြင်းခွာပေါက်တဲ့
အရာကြီး တွေ့တယ်တဲ့၊ ခွေး မချိမဆန့်
အော်သံရော မြင်းဟီသံရော ညက ဆူညံ
သွားတာ ဆိုပဲဗျ"
"ဟေ ဟုတ်လား၊ ငါတော့ ညက အိပ်ပျော်
နေလို့ ဘာမှ မကြားလိုက်ဘူးကွ"
"ဟာ ကိုကြီးတာတေကလည်း ကိုကြီးတို့
ကျုပ်တို့အိမ်တွေက ရွာလယ်မှာဆိုတော့
ဘယ်ကြားမှာတုံးဗျ၊ ရွာစည်းရိုးနဲ့ နီးတဲ့ အ
ရှေ့ပိုင်းတို့၊ အနောက်ပိုင်းတို့၊ တောင်ပိုင်း
မြောက်ပိုင်းတို့က လူတွေက အတိုင်းသား
ကြားရတာဆိုပဲဗျ"
"မင်းပြောပုံဆိုရင်တော့ တော်တော်ကို ထူး
ဆန်းတာပဲကွ ကျောက်ခဲရ"
"ဘန့်ဘွေးကုန်းမှာလည်း ညက
ဒီအတိုင်းဖြစ်တာတဲ့ဗျ"
"ဟေ ငါတို့ရွာကို တစ်ညလုံး ပတ်စီးနေမှဖြင့်
ဘန့်ဘွေးကုန်းကို ဘယ့်နှယ်လုပ်ပတ်ပြီး စီး
မှာတုံးကွ"
"ကိုကြီးတာတေကလည်း ထနောင်းကုန်းနဲ့
ဘန့်ဘွေးကုန်း နှစ်ရွာပတ်တာ နေမှာပေါ့ဗျ၊
ကျုပ်တို့ရွာနှစ်ရွာက တစ်ဆက်တည်းလို ဖြစ်
နေတာကိုဗျ"
"အေး ဒါတော့ ဖြစ်နိုင်တယ်ကွ"
"ဘန့်ဘွေးကုန်းက ခွေးနှစ်ကောင်လည်း ည
က သေသွားသတဲ့ဗျ၊ ကိုလူကျော်တို့အိမ်က
ခွေးလိုပဲ ခေါင်းမှာ မြင်းခွာပေါက်တဲ့ အရာကြီး
တွေနဲ့ သေနေတာဆိုပဲ၊ သူတို့လည်း ညက
ခွေး မချိမဆန့်အော်သံရော မြင်းဟီသံကြီး
ရော ကြားရတာတဲ့ဗျ"
"ဟေ ဟုတ်လားကွ"
ကျုပ်စဉ်းစားတယ်။ တော်တော်တော့ ထူးဆန်း
တဲ့ အဖြစ်ဗျ၊ ဒီလိုမြင်းဒုန်းစီးတဲ့ တစ္ဆေမျိုး ကျုပ်
ဖြင့် မကြားဖူးပါဘူးဗျာ။ ဘာပဲဖြစ်ဖြစ် ဒီညတော့
ဒီကိစ္စကို ကျုပ်စုံစမ်းရတော့မှာပေါ့ဗျာ။
ကျောက်ခဲ ဆိုတဲ့ ကောင်ကတော့ ကျုပ်ငယ်
ငယ်က အတိုင်းပဲဗျ။ အားကြီးစပ်စုတဲ့ကောင်။
ညကိုးနာရီလောက်မှာ ဒီကောင်နဲ့ သံမဏိ
ကျုပ်တို့ဝိုင်းထဲ ရောက်လာတယ်။
"ဟေ့ကောင်တွေ အချိန်မတော်ကြီးကျမှ
ဘယ်သွားဦးမှာတုံး"
"ဟာ ဘယ်သွားရမှာတုံးဗျ၊ ကိုကြီးတာတေ
ဆီကို လာတာပေါ့၊ ကိုကြီးတာတေ ဒီည မြင်း
စီးတစ္ဆေကို စောင့်ကြည့်မှာမို့လား"
"ဟေ မင်းတို့ကို ဘယ်သူက ပြောလို့တုံး"
"ကိုကြီးတာတေကလည်းဗျာ၊ ကျုပ်တို့က ကို
ကြီးရဲ့ညီတွေပါ၊ ကိုယ့်အစ်ကိုအကြောင်း ကျုပ်
တို့ မသိဘဲ နေပါ့မလားဗျာ၊ ဒီညတော့ ကိုကြီး
တာတေ ကျိန်းသေစုံစမ်းတော့မယ်ဆိုတာ
တွေးပြီးသာပါဗျာ"
"ဟား၊ ဟား၊ ဟား၊ ဟား၊ မင်းတို့ တော်တော်
လည်တဲ့ကောင်တွေပဲ၊ အေး ဟုတ်တယ်၊ ငါ
ဒီည ကြည့်မလို့ကွ၊ဒါပေမဲ့ မင်းပြောတဲ့ မြင်း
စီးတစ္ဆေက ဘယ်အချိန်လာမှန်း မသိတာ
ခက်တယ်ကွ"
"ဟာ ကိုကြီးတာတေကလည်း ရွာမြောက်
ပိုင်းက ကျုပ်သူငယ်ချင်း တုတ်ပေါ ပြော
တာကတော့ ညသန်းခေါင်ကျော်လောက်
မှာ စဖြစ်တာတဲ့ဗျ။ ဒီအတွက်တော့ မပူပါ
နဲ့ဗျာ၊ တုတ်ပေါကို ကျုပ်မှာထားခဲ့ပြီးပါပြီ၊
ဒီကောင်လည်း စောင့်မှာတဲ့ဗျ၊ မြင်းခွာသံ
တွေ ကြားတာနဲ့ ဒီကောင်တုတ်ပေါက
ကျုပ်တို့ကို ခေါ်လိမ့်မယ်"
"ဟေ တုတ်ပေါက ငါ့အိမ်ကို သိလို့လားကွ
ကျောက်ခဲရ"
"ဟာ ကိုကြီးတာတေကလည်း ထနောင်း
ကုန်းမှာ ကိုကြီးတာတေအိမ်ကို မသိတဲ့လူ
ရှိမလားဗျ၊ ကလေးအငယ်လေးတွေက အ
စ သိတာဗ်"
"ဟား ဟား ဟား ဟား မင်းကတော့ စကား
ပြောရင် နည်းနည်းကို ပိုပြောရမှာ သဘော
ကျတဲ့ကောင်ပဲကွာ"
မန်ကျည်းပင်အောက်က ကွပ်ပျစ်ပေါ်မျာ
ကျုပ်နဲ့ ကောင်လေးနှစ်ယောက် တီးတိုး
တီးတိုး ပြောနေတာကို အမေက နားစွံနား
ဖျား ကြားသွားပုံတယ်ဗျ၊ အိမ်ပေါ်ကနေ
ဆင်းလာပြီး ကျုပ်ကို မေးတယ်။
"ဟဲ့ တာတေ၊ နင် ညက မြင်းဟီသံကြီးအ
ကြောင်း ကြားပြီးပလား"
"ဟုတ်ကဲ့ ကြားတယ် အမေ၊ တခြားသူပြော
တာတော့ မဟုတ်ဘူးဗျ၊ ဟောဒီကောင်
ကျောက်ခဲ ပြောတာ"
"ဟာ ကျောက်ခဲပြောရင် ဟုတ်မှာပေါ့ဟဲ့၊
ကျောက်ခဲက ထနောင်းကုန်း စုံထောက်ပဲ
ဟာ"
အမေက ကျောက်ခဲကို စတယ်ဗျ။
"ဟာ အရီးကလည်း ကျုပ်က စုံထောက်မ
ဟုတ်ပါဘူးဗျ၊ သိချင်တာပါ"
ကျောက်ခဲကသာ စကားကို တတွတ်တွတ်
ပြောတာဗျ။ သံမဏိကတော့ ဘာမှမပြောဘဲ
သူများပြောတာကိုပဲ နားထောင်နေတာ၊ ရယ်
စရာရှိရင်တော့ ရယ်တယ်ဗျ
"ကဲ နေကြဦး၊ အရီး ရေနွေးတစ်အိုးကျိုပြီး
လက်ဖက်သုတ်လိုက်ဦးမယ်၊ နင်တို့ဘိုးက
တော့ နေမကောင်းချင်သလို ဖြစ်လို့တဲ့၊ အိပ်
ရာထဲ ဝင်အိပ်နေတယ်"
"ဘာတုံး အရီး၊ ဘိုးဥာဏ် ဖျားလို့လား"
"ဖျားတော့ မဖျားပါဘူး၊ ကိုယ်လက်တွေ နည်း
နည်း နာလို့တဲ့ ကျောက်ခဲရဲ့"
ခဏကြာတော့ အမေ ယူလာပေးတဲ့ အကြမ်း
အိုးနဲ့ လက်ဖက်ပွဲကို ကျောက်ခဲကပဲ ဆီးယူ
လိုက်တယ်။ အမေက အောက်ကို ဆင်းမလာ
တော့ဘူး။ ကျုပ်တို့သုံးယောက်ပဲ အကြမ်း
သောက်လိုက်၊ လက်ဖက်စားလိုက်။ ကျုပ်က
ဆေးပေါ့လိပ်ကလေး ဖွာလိုက်ပေါ့ဗျာ
ညဆယ့်နှစ်နာရီနီးတော့ ကျုပ်က အိမ်ပေါ်
တက်ပြီး မျက်ကွင်းဆေးကွင်းတယ်။ပြီးတော့ အိမ်တံခါးသော့ခတ်ပြီး ကျုပ်နဲ့ကောင်လေး
နှစ်ယောက် ထွက်လာခဲ့တယ်။
"ကျောက်ခဲ၊ ဟေ့ကောင် ကျောက်ခဲ"
ကျုပ်တို့ရွာလမ်းပေါ် ထွက်ရုံရှိသေးသဗျာ
ပြေးလာတဲ့ ကောင်လေးတစ်ယောက်ကို
တွေ့လိုက်တယ်
"ဟာ ဟေ့ကောင် တုတ်ပေါ ဘာတုံး"
"မြင်းစီးတစ္ဆေ ရောက်နေပြီကွ၊ ရွာကို တစ်
ပါတ်တောင် ပါတ်သွားပြီ။ လူတွေလည်း ရွာ
စည်းရိုးနားကပ်ပြီး ချောင်းကြည့်နေကြတယ်
ဘာမှတော့ မမြင်ပါဘူးကွာ၊ ညကလိုပါပဲ၊
မြင်းခွါသံနဲ့ မြင်းဟီသံကြီးပဲ ကြားရတာပါ"
ကျုပ်တို့လည်း တုတ်ပေါခေါ်တဲ့နောက်ကို
လိုက်ခဲ့ကြတယ်ဗျို့။ တုတ်ပေါက ရွာစည်း
ရိုးနား ကပ်သွားတယ်
"လာဗျ၊ ကိုကြီးတာတေ၊ ဒီမန်ကျည်းပင်ကြီး
ပေါ်က တက်ကြည့်ရင် ရွာပြင်ကို အတိုင်း
သား မြင်ရတယ်ဗျ"
ပြောပြောဆိုဆိုနဲ့ တုတ်ပေါက ရှေ့ကတက်
တယ်။ ကျုပ်တို့က နောက်က တက်ကြရတာ
ပေါ့ဗျာ။ တုတ်ပေါ ပြောတာ ဟုတ်သားဗျ။
မန်ကျည်းပင်ကြီးပေါ်က ကြည့်လိုက်တာ
ရွာပြင်ကို အတိုင်းသာ မြင်နေရတာဗျ။ကျုပ်
တို့ မန်ကျည်းပင်ပေါ်ရောက်လို့ တော်တော်
ကြာတဲ့အထိ ဘာသံမှ မကြားရဘူးဗျ။
ဧကန္တ မြင်းစီးတစ္ဆေက သူ့မြင်းကို ဘန့်ဘွေး
ကုန်းဘက်ကို ပါတ်စီးနေလို့ ဖြစ်မယ်ဗျ။
"ဟော လာပြီဗျ"
တုတ်ပေါက အသံခပ်အုပ်အုပ်နဲ့ လှမ်းပြော
တယ်။တုတ်ပေါ ပြောတာ ဟုတ်တယ်ဗျို့။
မြင်းခွါသံကို ကြားရပြီဗျ။ ကျုပ်လည်း မြင်း
ခွါသံ ကြားရတဲ့ဘက်ကို ကြည့်လိုက်တော့
ဖုန်တွေ တထောင်းထောင်း ထနေတာကို
တွေ့ရတယ်ဗျို့။ ဟာ မြင်းစီးလာတာ သေ
ချာတာပေါ့ဗျာ။ ဟော နီးလာပြီဗျို့။
ကျုပ်တို့နဲ့ နီးလာပြီ။ ကျုပ် မန်ကျည်းကိုင်းကြီး
ပေါ်မှာ မတ်တတ်ထရပ်လိုက်တယ်။ ပိုပြီး မြင်
အောင်လို့ပေါ့ဗျာ။ လရောင်မှိန်မှိန်ကလေးရှိ
တော့ ဝါးဝါးလေး တွေ့နေရတာဗျ။
"ခွပ် ခွပ် ခွပ် ခွပ် ခွပ် ဟီ ဟီ ဟီ ဟီ ဟီ"
ဟာ မြင်းကြီးဗျာ၊နည်းတဲ့အကောင်ကြီး မဟုတ်
ဘူးဗျို့။ ဒေါက်ကြီးမှဗျာ နည်းတာ မဟုတ်ဘူး
ဗျ။အရောင်က အနက်ကြီးဗျ၊ မြင်းပေါ်မှာလည်း
ဝတ်ရုံအနက်ကြီး ဝတ်ထားတဲ့လူဗျ။ ဝတ်ရုံမည်း
ကြီးက လေထဲမှကို လွင့်နေတာဗျ
ဟာ ခေါင်းမပါဘူးဗျို့။ ခေါင်းပြတ်ကြီးဗျ။ အ
လို ခေါင်းပြတ်ကြီးကို လက်ထဲမှာ ကိုင်ထား
တာပဲဗျ။ အောင်မယ်လေး ကျုပ်ဖြင့် ကြက်
သီးတွေ ဖြန်းကနဲ သွားလိုက်တာဗျာ
"ဟီး ဟီး ဟီး ဟီး "
ဟာ မြင်းကြီး တုံ့ကနဲ ရပ်လိုက်ပြီဗျို့။ ဟော
ဟော ပဒပ်ထရပ်လိုက်ပြီ။ တိုက်တိုက်ဆိုင်
ဆိုင်ဗျာ၊ ကျုပ်တို့တည့်တည့်ရောက်မှ မြင်း
က ပဒပ်ထရပ်တာဗျာ။ ဒီတော့ ကျုပ်သေ
သေချာ မြင်ရတာပေါ့။
မြင်းနက်ကြီးကလည်း အကြီးကြီးဗျ။ အပေါ်
က စည်းလာတဲ့ ဝတ်ရုံမည်းမည်းနဲ့ အကောင်
ကြီးကလည်း အကြီးကြီးပဲဗျ။ ခေါင်းပြတ်ကြီး
ဗျာ။ သူ့ခေါင်းပြတ်ကြီးကို သူ့လက်တစ်ဖက်
က ကိုင်ထားတာဗျ။ ဟော သွားပြီ။ သွားပြီ။
မြင်းကို ဆက်ပြီး ဒုန်းစိုင်းသွားပြီ ။ ဖုန်တွေမှ
အလုံးလိုက်ကို ထကျန်ရစ်တာဗျို့။ ကျုပ်တို့
ထပ်မစောင့်တော့ဘူး။ နောက်တစ်ပတ်လာ
ဖို့က တော်တော်လေး ကြာဦးမှာဗျ။
ကျုပ်တို့လည်း မန်ကျည်းပင်ပေါ်က ဆင်းပြီး အိမ်ပြန်ခဲ့ကြတယ်။ ကျောက်ခဲနဲ့ သံမဏိ
လည်း အိမ်ပြန်သွားကြပြီ။ တုတ်ပေါဆိုတဲ့
ကောင်လေးကတော့ မန်ကျည်းပင်ပေါ်မှာ
နေခဲ့သဗျ။ ဒီအတိုင်းတော့ မဖြစ်တော့ဘူး
လေဗျာ။ နောက်တစ်နေ့မှာ ကျုပ်နဲ့ ကျုပ်
ကောင်လေးနှစ်ယောက် ပြင်ကြဆင်ကြရ
တာပေါ့ဗျာ။ ဘန့်ဘွေးကုန်းဘက်က အမဲ
သား လာရောင်းတာနဲ့ တစ်ပိဿာဝယ်ပြီး
ချက်လိုက်လိုက်တယ်။
ခါတိုင်းလိုပဲ ကျောက်ခဲက မီးလောင်ကုန်းက
ဒေါ်တုတ်ကို သွားခေါ်တယ်။ ညရှစ်နာရီ
လောက်မှာ ကျုပ်တို့ ထမင်းတောင်းကလေး
နဲ့ ထနောင်းကုန်းသင်္ချိုင်းထဲကို ရောက်ခဲ့
တယ်။ ကျုပ်က အုတ်ဂူကြီးပေါ်မှာ ထမင်း
ထုပ်လာတဲ့ ငှက်ပျောဖက်ကို ဖြန့်ခင်းပြီး
ထမင်းပွဲပြင်တယ်။ ရေဖလားတစ်လုံးနဲ့
ရေ အပြည့်ခပ်ထားတယ်
"သင်္ချိုင်းရှင်မကြီး မဖဲဝါဗျာ၊ ထနောင်းကုန်း
ရွာက ကျွန်ပ်တာတေက မဖဲဝါကို တလေး
တစား ပင့်ဖိတ်ပါတယ်ဗျာ။ မဖဲဝါအတွက်
စားပွဲသောက်ပွဲတွေလည်း အဆင်သင့်ပြင်
လို့ပါဗျာ။ အခုချက်ချင်း ကြွခဲ့ပါ မဖဲဝါ ခင်
ဗျာ"
ကျုပ်က နောက်တစ်ခေါက် ထပ်ပင့်တယ်
ပြီးတော့ နောက်တစ်ခေါက်…
"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး၊ အီး"
ဟော မဖဲဝါ လာပြီဗျို့။ သူ့ခွေးကြီးတွေအသံ
ကိုကျုပ်ကြားနေရပြီဗျို့။ ဟော၊ ဟော ဂူတွေ
အပေါ်က ရှပ်ပြီး ရွေ့လာတာဗျို့။
"ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး"
ဟော ဒေါ်တုတ်ဆီကို ဝင်သွားပြီဗျို့၊ ဒေါ်
တုတ် လက်ကြီးတွေ ကွေးကောက်ပြီး အ
ပေါ်ကို မြောက်တက်လာတယ်ဗျ။ တစ်
ကိုယ်လုံးလည်း တဆတ်ဆတ် တုန်နေ
တာဗျ။ ဆံပင်ဖားလျားကြီး ချထားတဲ့ ဒေါ်
တုတ်က မတ်တတ်ရပ်လိုက်တယ်။ ဟာ
ဒေါ်တုတ် ခုန်ပြီဗျို့။ ခုန်ပြီ။ လွှားကနဲ နေ
တာပဲဗျာ။
ဂူပေါ်ရောက်တာနဲ့ ဒူးကြီးထောင်းပြီး စား
တော့တာပါပဲဗျာ။ မဖဲဝါက ကြက်သား
ထက် အမဲသားကို ပိုကြိုက်ပုံရတယ်ဗျ။
စားလိုက်တာဗျ။ အားရပါးရကို စားတာဗျို့။
ဟော၊ ဟော ကြည့်ပြီ၊ ကြည့်ပြီ၊ ကျုပ်ကို
ကြည့်ပြီဗျ။
"ဒီလိုပါ၊ သင်္ချိုင်းရှင်မကြီးဗျာ၊ ကျုပ်တို့
ထနောင်းကုန်းနဲ့ ဘန့်ဘွေးကုန်းကို ပါတ်
ပြီး ခေါင်းမပါတဲ့ သရဲကြီးတစ်ကောင် မြင်း
နက်ကြီး ဒုန်းစိုင်းစီးနေတာ သုံးညရှိပါပြီ မ
ဖဲဝါ၊ ပြီးတော့ ခေါင်းပြတ်ကြီးတစ်ခုကို သူ့
လက်ထဲမှာ ကိုင်ထားပါတယ်၊ဘာအတွက်
ရွာကို ပတ်ပြီး မြင်းစီးနေတယ်ဆိုတာ
သိချင်လို့ပါ မဖဲဝါဗျာ"
မဖဲဝါက ဘာမှမပြောဘဲ ဆက်စားနေတယ်
ဗျ။ အားလုံးစားသောက်ပြီးတော့မှ…
"တာတေ အဲဒါ စစ်သူကြီးရဲ့ဝိညာဉ်ဟဲ့၊
ကျောက်တလားချောင်းမှာ အခေါင်းကြီး
ပေါ်လာလို့ သူ့ဝိညာဉ် ထွက်လာတာ"
"သြော်"
"သူ စစ်ထွက်ခါနီးမှာ သူ့အရှင်သခင် ဘုရင်
မင်းမြတ်က သူ့ရဲ့သန်လျက်ကိုဝင်ပြီး'မောင်
မင်း စစ်ကို နိုင်အောင် တိုက်ပေတော့၊ တ
ကယ်လို့ မောင်မင်း မနိုင်ခဲ့ရင် ငါကိုယ်တော်
ခွင့်မလွှတ်ဘူးလို့သာ မှတ်ပေတော့'လို့ပြော
လိုက်တယ်၊ အဲဒီဘုရင်ရဲ့သန်လျက်က ရိုး
ရိုးမဟုတ်ဘူး။ မှော်ဝင်သန်လျက်တဲ့။ ဒီစစ်
ပွဲမှာ စစ်သူကြီးတိုက်ပွဲ ကျတယ်၊ ခေါင်း
ဖြတ်ခံလိုက်ရတာ၊ သူ့စစ်သားတွေက သူ့
ကို အင်ကြင်းသားကို ခေါင်းထွင်းပြီး မြှုပ်နှံ
သင်္ဂြ ိုဟ်ပေးခဲ့တယ်။ ဒါပေမဲ့ ဘုရင့်အမိန့်
ဟာ ကျိန်စာလိုဖြစ်ပြီး ခုထိ မကျွတ်မလွတ်
နိုင်သေးဘူး တာတေ"
"ဟာ သနားစရာပါလားဗျာ"
"အေး အခု သူ့ဝိညာဉ်အပြင်ရောက်လာတဲ့
အချိန်မှာ သူ့ရဲ့အရှင်သခင်ကိုလိုက်ရှာနေ
တာဟဲ့"
"သြော်"
"အဲဒီစစ်သူကြီးကို ကယ်ဖို့က နည်းလမ်းတစ်
ခုပဲ ရှိတယ်"
"ပြောပါ၊ မဖဲဝါ၊ ကျုပ် လုပ်ပါ့မယ်"
"ကျောက်တလားချောင်းမှာ တောင်ဘက်ရိုး
နဲ့ မြောက်ဘက်ရိုး နှစ်ခုရှိတယ်မို့လား၊ နင်
မြောက်ဘက်ရိုးကို သွား၊ တစ်နှစ်လုံး တစ်
ခါမှ အရွက်မထွက်တဲ့ သစ်ခြောက်ပင်ကြီး
ရှိတယ်။ အဲဒီသစ်ခြောက်ပင်ကြီးမှာ သရဲ
တစ်ကောင် ရှိတယ်။ အဲဒီသရဲဟာ အင်မ
တန်မှ အကုသိုလ်ကြီးတဲ့အကောင်၊ သစ်
ကိုင်းကြီး တစ်ကိုင်းမှာ ခြေထောက်တွေ
ချိတ်ပြီး အမြဲဇောက်ထိုးနေရတာ၊
သူ့ကို တခြားသရဲတွေက 'ဇောက်ထိုး'လို့
ခေါ်တယ်၊ အမြဲတမ်း ဇောက်ထိုးနေရတဲ့
အကောင်။ တစ်ကိုယ်လုံး အမွေးမည်းမည်း
ကြီးတွေ ဖုံးနေတယ်။ စားရင်လည်း အသား
စိမ်း၊ ငါးစိမ်းပဲ စားရတယ်။ မြေကြီးမှာ သွား
ရင်လည်း လက်နှစ်ဖက်နဲ့ ထောက်သွားရ
တာ၊ ခြေထောက်နှစ်ချောင်း အပေါ်မှာ အ
မြဲကွေးထားရတယ်။
သူ့လက်နှစ်ဖက်ကလည်း ခြေထောက်တွေ
လို သန်မာနေတာဟဲ့၊ သူနေတဲ့နေရာနားကို
ရောက်လာတဲ့ သရဲတစ္ဆေတွေရော လူတွေ
ရော ဘယ်သူ့ကိုမှ အလွတ်မပေးဘူး၊ ခဲလုံး
ကို ခြေထောက်နဲ့ ညှပ်ပြီး ခြေထောက်နှစ်
ဖက်နဲ့ ခဲပစ်တာ။ မထဲတဲ့အခါ လုံးဝမရှိဘူး၊
သူ့ခဲထဲတဲ့လူဆိုရင် သုံးလအတွင်း ပိန်ချုံး
လာပြီး သေရော။ နင် မြောက်ဘက်ရိုးက
ဇောက်ထိုးဆီကို သွားပေတော့"
"ဗျာ"
ကျုပ် မဖဲဝါပြောတာကို အံ့သြသွားတယ်ဗျာ။
"ဇောက်ထိုးက အဲဒီလို ကြမ်းတမ်းရက်စက်
ပေမဲ့ မှော်ဝင်ပစ္စည်းတွေ စောင့်ရတဲ့ သရဲ
ဟေ့၊ နင့် သူ့ကို အစာကျွေး၊ အနာမကပ်နဲ့
ဝေးဝေးက ပစ်ကျွေး၊ ပြီးရင် ငါ လွှတ်လိုက်
တယ်လို့ ဇောက်ထိုးကို ပြောလိုက်၊ ငါ့ကိုယ်
ပွားရုပ်ကလေးလည်း ယူသွား၊ အဲဒါ ပြလိုက်
သူ နာခံလိမ့်မယ်။ မှော်ဝင်သန်လျက် ခဏ
ငှားပါလို့ ပြောလိုက်၊ ကိစ္စပြီးတာနဲ့ ချက်ချင်း
ပြန်ပို့မယ်လို့လည်းပြော၊ နင် သူနဲ့တွေ့ရင်
သတိမလစ်စေနဲ့၊ သတိလစ်တာနဲ့ ဇောက်
ထိုးက နင့်ကို သတ်မှာပဲ။ ပြီးတော့ နင် မှတ်
ထား တာတေ၊ သူ့ကို ကျောပေးလိုက် ပြီးရင်
ဘယ်တော့မှ ပြန်လှည့်မကြည့်ရဘူး၊ သူက
နင့်နာမည်ကို ချက်ချင်းသိလိမ့်မယ်။ နင့်နာ
မည်ကို အော်ခေါ်ရင် ထူးလည်း မထူးနဲ့၊
လှည့်လည်း မကြည့်နဲ့၊ သတိလစ်ပြီး လှည့်
ကြည့်တာတို့ လုပ်ရင် နင် နေရာမှာတင် လဲ
ကျပြီး ချက်ချင်းသေသွားလိမ့်မယ် ကြားလား"
"ကောင်းပါပြီ မဖဲဝါ"
"နင် သန်လျက် ရလာပြီးရင် မြင်းစီးလာတဲ့
စစ်သူကြီး တစ္ဆေရဲ့ ရှေ့ကနေ ပိတ်ရက်ပြီး
သန်လျက်ကို ဝင့်လိုက်၊ ပြီးရင် နင့်က သူ့ရဲ့
ဘုရင်လို့ သဘောထားပြီး သူ့ကို ခွင့်လွှတ်
တဲ့အကြောင်း ပြောလိုက်၊ သူ ကျွတ်သွား
လိမ့်မယ်။ ကိစ္စပြီးတာနဲ့ မှော်ဝင်သန်လျက်
ကို ဇောက်ထိုးဆီ ပြန်ပို့လိုက် တာတေ"
"ကောင်းပါပြီ မဖဲဝါ၊ ကျုပ် ဇောက်ထိုးဆီ
သွားမယ်"
မဖဲဝါ ဒေါ်တုတ်ကိုယ်ကနေ ခွာသွားပြီ။
ဒေါ်တုတ် အုတ်ဂူကြီးပေါ် လဲကျသွားတယ်။
ကျုပ်နဲ့ ကျောက်ခဲက ပြေးပြီး ပွေ့ထူပေးကြ
ရတာပေါ့ဗျာ။ မျက်နှာကို ရေနဲ့တောက်လိုက်
တော့မှ ဒေါ်တုတ် သတိပြန်ရလာတယ်။
ကျုပ်တို့ရွာ ပြန်ရောက်တော့ တစ်ချို့အိမ်က
လူတွေ အိပ်တောင် အိပ်နေကြပြီဗျ။ နောက်
တစ်နေ့ နေမပူခင် ကျုပ်ရွာက ထွက်ခဲ့တယ်။
ကြက်နှစ်ကောင်ကို ရှေ့တစ်ကောင်၊နောက်
တစ်ကောင် ထမ်းပိုးနဲ့ ထမ်းလို့ပေါ့ဗျာ။
ထမင်းစားချိန်ရောက်တော့ လမ်းမှာပဲ ခဏ
နားပြီး ထမင်းထုပ် ဖြည်စားလိုက်တယ်။
ကျောက်တလားချောင်းကို ကျုပ်ရောက်
တော့ ညနေသုံးနာရီလောက် ရှိပြီဗျ။ ကျုပ်
မြောက်ရိုးဘက်ကို အသာလေးသွားပြီး ရိုး
ဘေးက ကိုင်းတောကြီးထဲမှာ ပုန်းနေလိုက်
တယ်။ ကျုပ်က မျက်ကွင်းဆေး ကွင်းလာ
တာကိုးဗျ။ ကိုင်းတောကြီးထဲကနေ ကျုပ်
သစ်ပင်ကြီးတွေ လိုက်ကြည့်တယ်။
ကျုပ်ပုန်းပြီးထိုင်နေတဲ့နေရာနဲ့ တည့်တည့်မှာ သစ်ပင်ခြောက်ကြီးဗျာ အနားမှာ စိမ်းစိမ်းစိုစိုနဲ့
သမုန်းပင်တွေ ပေါက်လို့ဗျ။ အဲဒီထဲမှာမှ ထ
နောင်းပင်ကြီးတစ်ပင်က အရွက်တစ်ရွက်မှ
မရှိဘဲ ခြောက်သွေ့နေတာဗျို့။
ဟော တွေ့ပြီ၊ တွေ့ပြီ။ တောင်ဘက်က သစ်
ကိုင်းကြီးမှာဗျ။ ခြေထောက်တွေနဲ့ သစ်ကိုင်း
ကိုချိတ်ပြီး ဇောက်ထိုးကြီးဗျ။ တစ်ကိုယ်လုံး
လည်း အမွေးတွေ ဖုံးနေတာဗျ။ လင်းဆွဲကြီး
တစ်ကောင်လို ဇောက်ထိုးကြီး အမြဲနေရတဲ့
သရဲမျိုး ကျုပ် ဒီတစ်ခါပဲ မြင်ဖူးသေးတယ်ဗျာ။
ဟော ဆင်းလာပြီဗျို့။ ဆင်းလာပြီ။ ဟာ သစ်
ပင်ကို ဇောက်ထိုးကြီး ဆင်းလာလိုက်တာ
မြန်လိုက်တာဗျာ။ ဟာ ဇောက်ထိုးကြီး သွား
တာဗျို့။ မြေကြီးပေါ်ရောက်တော့ လက်ကြီး
နှစ်ဖက်ထောက်ပြီး ဇောက်ထိုးကြီး သွားနေ
တာဗျ။ ခြေထောက်နှစ်ချောင်းက ဒူးခေါင်း
နေရာကနေ ကွေးပြီး နှစ်ဖက်လိမ်ထားတာ
ဗျို့။ မြန်လိုက်တာဗျာ။
လက်နဲ့ သွားနေကျ အကောင်ဆိုတော့ လှစ်
ကနဲ လှစ်ကနဲ နေတာဗျို့။ ဟော ကျုပ်ရှိတဲ့
ရိုးဘက်ကို လာတာဗျ။ ဒါပေမဲ့ ကျုပ်က ရိုး
ထိပ်ဘက်မှာ၊ ဇောက်ထိုးက ကျုပ်နဲ့ တော်
တော် လှမ်းပါသေးတယ်။ ဟာ …ရေစပ်ကို
ရောက်တော့ ဝမ်းလျားကြီး မှောက်ချလိုက်
တယ်ဗျို့။ ဟော ဟော သူ့လက်နှစ်ဖက်နဲ့
ရေတွေကို ယက်နေတာဗျ။
ဘာလုပ်တာတုံးလို့ ကျုပ် သေသေချာချာ
ကြည့်တယ်။ ဟာ ငါးတွေ ပေါ်လာပြီဗျို့။
ရေထဲက ငါးလေးတွေ တဖျပ်ဖျပ်ခုန်ပြီး
ဇောက်ထိုးရဲ့ရှေ့မှာ ပေါ်လာကြတာဗျ။
"ဖျန်း" "ဖျန်း"
ဟော ဇောက်ထိုးက ငါးလေးတွေကို လက်
နဲ့ဖမ်းပြီး သူ့ပါးစပ်ကြီးထဲကို ထည့်ရောဗျို့။
အောင်မယ်လေး သရဲဇောက်ထိုးရဲ့ ပါးစပ်
ကြီးထဲမှာ အစွယ်တွေမှ ဖွေးနေတာဗျို့။
ကျုပ်ဖြင့် ကြက်သီးတောင် တဖျန်းဖျန်း
ထလို့ဗျာ။ ဟော ဟော ငါးနှစ်ကောင် သုံး
ကောင် စားပြီးတော့ ဇောက်ထိုး ပြန်ထွက်
သွားတယ်ဗျ။ လာတုန်းကလိုပဲ လက်နှစ်
ဖက်နဲ့ ထောက်ပြီး ဇောက်ထိုးကြီး ပြန်သွား
တာဗျ။ ကျုပ်လည်း ကြက်နှစ်ကောင်ပါတဲ့
ထမ်းပိုးကို ကောက်ထမ်းလိုက်တယ်။
ကိုင်းတောထဲကနေ ကျုပ် တိုးထွက်လိုက်
တော့ ကျုပ်ထမ်းလာတဲ့ကြက်နှစ်ကောင်က
လန့်ပြီး အော်ရောဗျို့။
ကစ်၊ ကစ်၊ ကစ်၊ ကစ်
ဇောက်ထိုးက ကြက်အော်သံတွေ ကြားသွား
တယ်ဗျ။ နောက်ကို လှည့်လာပြီး ကြည့်တယ်
တစ်ကိုယ်လုံး လှည့်ရတာပေါ့ဗျာ။
ဟော ဇောက်ထိုး ကျုပ်ကို မြင်သွားပြီဗျ။
ကျုပ်လည်း ကြက်ထမ်းလာတဲ့ ထမ်းပိုးကို
မြက်ပင်တွေပေါ်ကို ပစ်ချလိုက်တယ်
"ကစ်၊ ကစ်၊ ကစ်၊ ကစ်၊ ကစ်"
ကြက်နှစ်ကောင်ကလည်း လန့်ပြီး အော်တာ
ပေါ့ဗျာ။ ဟာ မြန်လိုက်တဲ့ သရဲဗျာ။ ဇောက်
ထိုးကြီး ပြေးသွားတာဗျို့။ ဟာ ခဲလုံးတစ်လုံး
ကို ခြေထောက်နဲ့ ညှပ်ပြီး ကောက်လိုက်ပြီ။
ဟာ ပစ်ပြီဗျို့။ ကျုပ်ကို ခဲနဲ့ ပစ်ပြီဗျို့။ ကျုပ်
သာ မျက်ကွင်းဆေး ကွင်းမထားရင် နေရာ
မှာတင် ပွဲချင်းပြီးသွားနိုင်တယ်ဗျာ။
"ဝှီး"
သရဲဇောက်ထိုးကြီး ခြေထောက်နဲ့ လွှဲပြီး ပစ်
လိုက်တဲ့ ခဲလုံးကို ကျုပ်အသာလေး ရှောင်
ပေးလိုက်ရတယ်။ ခေါင်းနဲ့ တစ်ပေလောက်
က ဖြတ်သွားတာ 'ဝှီး'ကနဲနေတာဗျို့။
သရဲဇောက်ထိုးကြီး ခြေထောက်နဲ့ လွှဲပြီး ပစ်
လိုက်တဲ့ ခဲလုံးကို ကျုပ်အသာလေး ရှောင်
ပေးလိုက်ရတယ်။ ခေါင်းနဲ့ တစ်ပေလောက်
က ဖြတ်သွားတာ 'ဝှီး'ကနဲ နေတာဗျို့။
ဟာ ကောက်ပြန်ပြီဗျာ နောက်ထပ် ခဲတစ်
လုံး။ ပစ်ပြန်ပြီ။ ကျုပ် ရှောင်ပေးလိုက်တယ်
"ဝှီး"
ဟော နောက်ထပ် ခဲထပ်ကောက်တယ်။
ပြီးတော့ ခြေထောက်နဲ့ လွှဲပြီး ပစ်တာဗျ။
ကျုပ် ရှောင်ရပြန်ပြီ။
"ဝှီး"
ခေါင်းပေါ်က ကျော်ရုံလေး ကျော်သွားတာ။
သရဲဇောက်ထိုး တွေပြီး စဉ်းစားနေတယ်ဗျ။
ကျုပ် သူ့ခဲလုံးကို သုံးခါတိတိ ရှောင်လိုက်
တာကို တွေ့တော့ သူ့ကို ကျုပ် မြင်ရမှန်း
သူ သိသွားတယ်။ ခဲနဲ့ထပ်ပြီး မပစ်တော့
ဘူးဗျ။ ဒါပေမဲ့ ဒီသရဲ ကျုပ်ကို တစ်နည်း
နည်းနဲ့တော့ ဒုက္ခပေးဖို့ ကြံနေတာဗျ။
ကျုပ် စလွယ်သိုင်းလွယ်ထားတဲ့ လွယ်အိတ်
ထဲက မဖဲဝါကိုယ်ခွဲရုပ်ကလေးကို ထုတ်ယူ
ပြီး ဇောက်ထိုးကြီးကို ပြလိုက်တယ်။ လက်
ထဲမှာ ကိုင်ထားတဲ့ မဖဲဝါ အရုပ်ကလေးက
လှုပ်နေတယ်လို့ ကျုပ်စိတ်ထဲမှာ ထင်နေ
တယ်။ သရဲဇောက်ထိုးကတော့ ငြိမ်ပြီး
စိုက်ကြည့်နေတယ်ဗျ။
"ကျုပ်ကို သင်္ချိုင်းရှင်မ မဖဲဝါ လွှတ်လို့ လာခဲ့
တာ၊ ခင်ဗျာစားဖို့ ကြက်နှစ်ကောင်လည်း ပါ
လာတယ်၊ အဲဒီကြက်နှစ်ကောင် ခင်ဗျားကို
ကျွေးမှာ၊ ကျုပ်ပြောတာ နားထောင်၊ သင်္ချိုင်း
ရှင် မဖဲဝါက မှာလိုက်တယ်၊ ခင်ဗျားစောင့်
နေတဲ့ မှော်ဝင်ပစ္စည်းတွေထဲက မှော်ဝင်သန်
လျက်ကို ခဏပေးလိုက်ပါတဲ့။ကိစ္စတော်တော်
အရေးကြီးနေလို့ပါ။ကိစ္စပြီးတာနဲ့ ကျုပ်ကိုယ်
တိုင် လာပို့မယ်လို့ ကတိပေးပါတယ်"
စကားဆုံးတာနဲ့ ကျုပ်က ထမ်းလာတဲ့ ကြက်
နှစ်ကောင်ကို ဖြုတ်ပြီး ဇောက်ထိုးဆီကို
ကြက်တစ်ကောင်ချင်း ပစ်ပေးလိုက်တယ်။
ကြက်တွေက ခြေထောက်မှာ ကြိုးချည်ထား
တော့ မပြေးနိုင်ကြဘူးပေါ့ဗျာ။
ဇောက်ထိုးက ကြက်တစ်ကောင်ကို ခြေ
ထောက်နဲ့ ညှပ်ပြီး ကောက်လိုက်တယ်။
ပြီးတာနဲ့ သူ့ပါးစပ်ကို အကျယ်ကြီး ဟပြီး
စားတော့တာပဲဗျို့။
"ဂျွတ်၊ ဂျွတ်၊ ဂျွတ်၊ ခွပ်၊ ခွပ်"
ကြက်တစ်ကောင်ကို အားရပါးရ စားပြီးသွား
တော့ နောက်တစ်ကောင်ကို မစားတော့ဘဲ
သူနေတဲ့ သစ်ခြောက်ပင်ကြီးဘက်ကို ဇောက်
ထိုးကြီး လျှောက်သွားတယ်။ သစ်ခြောက်ပင်
ကြီးအောက်ကို ရောက်တော့ ခဏငြိမ်နေ
တယ်ဗျ။ ဟော ပြန်လာပြီ၊ ပြန်လာပြီ။
ဟာ ခြေထောက်နှစ်ချောင်းကြားမှာ ပစ္စည်း
တစ်ခုညှပ်ပြီး ယူလာတယ်ဗျ။ ဟင် ဒါ သန်
လျက် ထင်တယ် ။ ကျုပ်က လက်ထဲမှာ
ကြက်ထမ်းလာတဲ့ ထမ်းပိုးကို ကိုင်ပြီး ရပ်
နေတာဗျ။သရဲဇောက်ထိုးက ကျုပ်ကို စိုက်
ကြည်နေတယ်။ဟာ ပစ်ပြီဗျို့။အမှတ်မထင်
ခြေထောက်ကိုလွှဲပြီး ပစ်လိုက်တာဗျို့။
ကျုပ်သာ သတိမရှိရင် ဒီနေရာမှာတင် ပွဲ
ချင်းပြီးပဲပေါ့ဗျာ။ သန်လျက်ကြီး ကျုပ်ဆီကို
တည့်တည့်ပျံဝင်လာတာဗျို့။ ကျုပ် ဘေး
ဘက်ကိုခြေတစ်လှမ်း ရွှေ့လိုက်ပြီး ကျုပ်
လက်မှာ ကိုင်ထားတဲ့ ထမ်းပိုးနဲ့ သန်လျက်
ကို ရိုက်ချလိုက်တယ်
"ချွင်"
ဆိုတဲ့အသံနဲ့အတူ ကျုပ်ရင်ဝတည့်တည့်ကို
ပျံဝင်လာတဲ့ မှော်ဝင်သန်လျက် မြက်ပင်
တွေပေါ်ကို ပြုတ်ကျသွားတယ်။ ကျုပ် သန်
လျက်ကို ချက်ချင်းကောက်လိုက်ပြီး မြောက်
ရိုးကနေ ထွက်လာခဲ့တယ်။ မဖဲဝါရဲ့ ကိုယ်ခွဲ
ရုပ်ကလေးကိုတော့ ကျုပ်လက်မှာ ကိုင်
လျက်ပဲဗျ။ ရိုးဘေးမှာ ပေါက်နေတဲ့ ကိုင်း
တောတွေ ဘေးကနေ ကျုပ်ဖြတ်လျှောက်
လိုက်တယ်။
ကျောပေးပြီးရင် နောက်ကို လုံးဝလှည့်မကြည့်
နဲ့လို့ မဖဲဝါ မှာလိုက်တာကို ကျုပ် ဘယ်မေ့
လိမ့်မတုံးဗျာ။
"တာတေ ဒီမှာ ကြည့်လိုက်စမ်း"
ဟာ ဇောက်ထိုး လှမ်းအော်လိုက်တဲ့ အသံ
ကြီးဗျို့။ကျုပ်လုံးဝလှည့်မကြည့်ဘဲ ခပ်သုတ်
သုတ် လျှောက်လာခဲ့တယ်။ ကျုပ်နာမည်ကို
ဒီသရဲ သိတာကိုတော့ အံ့သြပါရဲ့ဗျာ။
ထနောင်းကုန်းကို ပြန်ရောက်တော့ ညရှစ်
နာရီတောင် ကျော်ပြီဗျ။ မှော်ဝင်သန်လျက်
ကို လူတွေ မမြင်အောင် ကျုပ် ဝှက်ယူခဲ့ရ
တာပေါ့ဗျာ။ ဒါကတော့ လွယ်ပါတယ်ဗျာ။
လမ်းမှာ ငှက်ပျောဖက်ကြီး တစ်ရွက် ခူးပြီး
သန်လျက်ကို ပတ်လိုက်တာပေါ့ဗျာ
ကျုပ် ညစာ စားသောက်ပြီးတော့ ကိုးနာရီ
ခွဲ၊ ဆယ်နာရီရှိရောပေါ့ဗျာ။ အဘနဲ့ အမေ
တောင် အိပ်သွားကြပြီ။ ကျုပ်ကတော့ ဆေး
ပေါ့လိပ်ကလေးဖွာရင်း သန်းခေါင်ချိန်ကို
စောင့်နေရတာပေါ့ဗျာ။
ကျုပ်တစ်ယောက်တည်း ရွာပြင် ထွက်ချ
လာခဲ့တယ်။ သန်လျက်ကိုတော့ ကျုပ်ပုဆိုး
ဟောင်းတစ်ထည်နဲ့ပတ်ပြီး ယူလာခဲ့တယ်။
ရွာပြင်ရောက်တော့ ထန်းပင်ကြီးအောက်
မှာ ကျုပ် ကပ်ပြီး ရပ်နေလိုက်တယ်။
ကျုပ် သိပ်ပြီး မစောင့်လိုက်ရဘူးဗျ။
"ခွပ်၊ ခွပ်၊ ခွပ်၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး"
ဟော လာပြီဗျို့၊ ခေါင်းပြတ်သရဲကြီး စီးလာ
တဲ့ မြင်းနက်ကြီး လာနေပြီ။ မြင်းခွါသံရော
မြင်းဟီသံရော ကျုပ် ကြားနေရတယ်။
ကျုပ်က မျက်ကွင်းဆေး ထပ်ကွင်းလာတာ
ဆိုတော့ တော်တော်ဝေးဝေးထဲကလို ကျုပ်
လှမ်းမြင်နေရတာဗျ။ ဟော တဖြည်းဖြည်း
နီးလာပြီဗျို့။
ကျုပ်ကပ်နေတဲ့ ထန်းပင်အောက်ကနေ
ပြေးထွက်လိုက်တယ်။ လက်ထဲမှာလည်း
သန်လျက်ကို တင်းတင်း ကိုင်ထားတယ်။
မြင်းပြေးလာတဲ့ လမ်းတည့်တည့်မှာ ကျုပ်
ပိတ်ပြီး ရပ်နေလိုက်တယ်။ ပြီးတော့ လက်
ထဲက သန်လျက်ကို ဟန်ပါပါ ကိုင်ထား
လိုက်တယ်။
မြင်းက အရှိန်နဲ့ ပြေးလာရာကနေ တုံ့ကနဲ
ရပ်သွားတယ်။ ကျုပ်က လက်ထဲက သန်
လျက်ကို တစ်ချက် ဝင့်လိုက်တယ်။ ဟာ
ဝတ်ရုံမည်းကြီး ဝတ်ထားတဲ့ သရဲကြီးက
သူ့ရဲ့ ခေါင်းပြတ်ကြီးကို လက်မှာ ပွေ့
ကိုင်ထားရင်းနဲ့ မြင်းပေါ်က ခုန်ဆင်း
တယ်။
ပြီးတော့ မြင်းဘေးမှာ ဒူးထောက်ထိုင်ချ
လိုက်တယ်။ ကျုပ်ကတော့ မဖဲဝါမှာထား
တဲ့အတိုင်း မှော်ဝင်သန်လျက်ကို ဟန်ပါ
ပါဝင့်လိုက်ရင်း…
"မောင်မင်း စစ်သူကြီး၊ မောင်မင်းဟာ အ
လွန်တာဝန်ကျေပါပေတယ်၊ မောင်မင်း
ကို ခွင့်လွှတ်လိုက်ပြီ၊ ခုအချိန်က စပြီး
မောင်မင်း သွားလိုရာကို လွတ်လွတ်လပ်
လပ် သွားနိုင်ပြီး ငါ ကိုယ်တော်ရဲ့အမိန့်"
ကျုပ်က လက်ထဲက သန်လျက်ကို ဝင့်ကာ
ဝင့်ကာနဲ့ ပြောလိုက်တာဗျို့။ ကျုပ်စကား
လည်းဆုံးရော ဝတ်ရုံအနက်နဲ့ ခေါင်းပြတ်
သရဲကြီးက မြင်းပေါ်ကို လွှားကနဲ ခုန်တက်
ပြီး မြင်းကို နောက်ဘက် ပြန်လှည့်လိုက်
တယ်။ ဟော သွားပြီဗျို့။
သွားပြီ။ မြင်းစီးတစ္ဆေကြီး အမှောင်ထဲမှာ
ဖျတ်ကနဲ ပျောက်သွားတယ်။ ကျုပ်လည်း
နောက်တစ်နေ့ ကျောက်တလားချောင်းက
မြောက်ဘက်ရိုးကို လာခဲ့ရပြန်တာပေါ့ဗျာ
ဇောက်ထိုးက သစ်ခြောက်ပင်ကြီးပေါ်မှာ
ဇောက်ထိုးကြီး နေရာကနေ ကျုပ်ကို ကြည့်
နေတယ်ဗျ။ ကျုပ်က ကျုပ်ယူလာတဲ့ ကြက်
တစ်ကောင်ကို သစ်ပင်ခြောက်ကြီးအောက်
ကို လှမ်းပစ်ပေးလိုက်တယ်။
ဟော ဇောက်ထိုး ဆင်းလာပြီဗျို့။ မြန်လိုက်
တဲ့ သရဲဗျာ။ လှစ်ကနဲ လှစ်ကနဲ နေတာပဲဗျ။
မြေကြီးပေါ်ကို ရောက်တော့ သရဲဇောက်ထိုး
က ကျုပ်ကို ကြည့်နေတယ်။ ကျုပ်က ပုဆိုးနဲ့
ပတ်ပြီး ယူလာတဲ့ သန်လျက်ကို ထုတ်ပြီး သူ့
ကို တစ်ချက် လှမ်းကြည့်တယ်။ ပြီးတော့ သူ့
ဆီကို လှမ်းပစ်ပေးလိုက်တယ်။
"ဖျတ်"
လျင်လိုက်တဲ့ ဇောက်ထိုးဗျာ။ ကျုပ် ပစ်ပေး
လိုက်တဲ့ မှော်ဝင်သန်လျက်ကို ခြေထောက်
နှစ်ဖက်နဲ့ လှမ်းဖမ်းလိုက်တာဗျ။ ကျုပ်လည်း
ဆတ်ကနဲ လှည့်ထွက်လိုက်တယ်။
"ဟေ့ကောင် တာတေ၊ ဒီမှာ ကြည့်စမ်း"
မဖဲဝါမှာတာကို ကျုပ် ဘယ်မေ့ပါမလဲဗျာ။
နောက်ကို လှည့်ကြည့်လိုက်ရင်ဖြစ်ဖြစ်၊
ယောင်ပြီး ထူးလိုက်မိရင်ဖြစ်ဖြစ် နေရာ
မှာတင် ကျုပ် သေမယ်ဆိုတာလေဗျာ။
ကျုပ် ဘယ်မေ့လိမ့်မတုံး။
ကျုပ် တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ
သုတ်ခြေတင်ခဲ့တော့တာပေါ့ဗျာ။ ထနောင်း
ကုန်းကို ပြန်ရောက်တော့ စောပါသေးတယ်။
နေတောင် မဝင်သေးပါဘူး။
(မှတ်ချက် - ရိုးဆိုတာ ချောင်းတစ်ခုကနေ
ထိုးဝင်နေတဲ့ ချောင်းလက်တက်တိုလေး
တစ်ခုပေါ့ဗျာ။ အမြဲတမ်း ရေရှိတဲ့ နေရာ
တစ်ခုပေါ့)
မူရင်းရေးသူ ဆရာတာတေ
စာဖတ်သူကို ကူးယူဝေမျှသူ
ဇေယျာလင်း
ငရဲခွေးကြီးတွေနဲ့ မဖဲဝါ စာအုပ်မှ ကောက်နုတ်
တင်ပြထားပါသည်
Credit
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
© 2021 - Fire Graft Entertainments - Zayar Lin
Comments
Post a Comment